Pages

သက်ပြင်းဟာ နွေဦးရဲ့လေပူတွေထက် ပူလွန်းတယ်

>> Tuesday, December 22, 2009

နွေဦးရေ
သက်ပြင်းတွေနဲ့ မျောချနေရတဲ့ ငါ့ရဲ့စိတ်တွေမှာ
မင်းပေးတဲ့ မီးတောက်တစ်ခုဆီကိုင်လို့
အရူးသွေးထန်နေတဲ့ ကမ္ဘာမြေကို ချစ်စိတ်နဲ့ ငါငေးနေမိရဲ့

ခေတ်ကိုက အကောင်းမြင်ဝါဒီလုပ်မရတဲ့ ခေတ်လေ
နာမည်ပျက်လေ ဂုဏ်တက်လေဆိုသူလဲ ရှိရဲ့
သူများမျှော်လင့်ချက်ကို ခူးခပ်စားသောက်သူလဲ ရှိရဲ့
ဝေဒနာပြင်းပြင်း ဒဏ်ရာပေါ်ကို ဓားနဲ့ခုတ်ချသူလဲ ရှိရဲ့

ပြောကြကြေးဆိုရင် ဆေးခါးကြီးတစ်ခွက်ပါပဲ
ကြက်ခြေခတ်တွေနဲ့ စွေ့စွေ့နီလို့
သွေးဆာနေတဲ့ နာရီတွေက အသက်ပါအောင်ကို ရှ တယ်။

ချစ်စိတ်ကြောင့်ပါပဲလေ
ခေါင်းအခါခါ ခါမိ၊ သက်ပြင်းအခါခါ ချမိတာ
ချစ်စိတ်ကြောင့်ပါပဲ
ဒီလူတွေ ဆိုးယုတ်သမျှ ငါ့ရင်ဘတ်မှာ ဒဏ်ရာနက်နက်ကြီးတွေ ဖြစ်ဖြစ်သွားတာ
ဒီချစ်စိတ်ကြောင့်ပါပဲလေ
မနေနိုင်မထိုင်နိုင် ဒီကဗျာကို ရေးနေမိတာပေါ့

နွေဦးရေ...
ငါတို့ကမ္ဘာမြေ ...ဒီကျိန်စာကပျယ်ဖို့
သွေးတွေ ဘယ်လောက်များများ ကုန်ဦးမှာလဲကွာ?

6 comments:

MANORHARY December 22, 2009 at 6:51 PM  

ချစ်စိတ်ကြောင့်ပါပဲ
ဒီကဗျာကိုဖတ်နေမိ
ဒီနှစ်နွေဦးက အရင့်အရင်နှစ်တွေကထက်
ပို .. ပူ .. တယ် ....

နွေဆူးလင်္ကာ December 22, 2009 at 7:36 PM  

နွေဦးရေ...
ငါတို့ကမ္ဘာမြေ ...ဒီကျိန်စာကပျယ်ဖို့
သွေးတွေ ဘယ်လောက်များများ ကုန်ဦးမှာလဲကွာ?

ကောင်းတယ်ဗျာ

အိုင်လွယ်ပန် December 23, 2009 at 3:25 AM  

ဖတ်သွားတယ်ဗျာ ..။
ချစ်စိတ်ကြောင့်ပါပဲ ..။

Beauty Studio USA Branded Store December 23, 2009 at 3:30 PM  

ဆောင်းတွင်းချမ်းအေးတဲ့ရာသီမှာ နွေဦးရဲ့ လေပူတွေဖတ်လိုက်ရတာ အကျိုးရှိတယ်ဗျာ။ရင်ထဲကို နွေးသွားတာပဲ။

မယ့်ကိုး December 25, 2009 at 4:33 AM  

ကြက်ခြေခတ်တွေနဲ့ စွေ့စွေ့နီလို့

ချစ်စိတ်ကြောင့်ပါပဲ။
ကဗျာလေး ကြိုက်လိုက်တာ။

Unknown February 18, 2010 at 11:36 AM  

ကြိုက်တယ်ဗျာ လုံးဝကိုကြိုက်တယ်

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP