Pages

အသုံးမကျတဲ့ဇာတ်လမ်း

>> Monday, December 28, 2009

ထမင်းတစ်လုပ်ဝါးမိတိုင်း
ဆာလောင်မွတ်သိပ်နေတဲ့ ချို့တဲ့ပါးစပ်တွေကို သတိရတယ်

ဇိမ်ကျကျအိပ်ရာပေါ် အိပ်လိုက်တိုင်း
တမံတလင်းပေါ်က ကျောတွေကို အားနားမိတယ်

ပြောချင်တာ လွတ်ခနဲ ပြောလိုက်တိုင်း
ပြောခွင့်မရှိတဲ့ ပါးစပ်တွေအတွက် နာကျည်းမိတယ်

ကြည့်ချင်တာတွေ ကြည့်ခွင့်မရှိတဲ့ မျက်လုံးတွေအတွက်
တစ်ခုခုတော့ လုပ်ပေးချင်တယ်

ဒီဇာတ်လမ်းမှာ
အတ္တက မင်းသား၊ ငါက ဗီလိန်ပါ။
အတ္တထိုးသမျှ ကြိတ်သမျှ ငါ့မှာ နဖူးကွဲ ဒူးပြဲ။
အတ္တ ချည်နှောင်သမျှ ငါ့မှာ မလှုပ်သာ မလူးသာ။
အသုံးကျတာ တစ်ခုမှ မလုပ်ခြင်းတွေ ပိုင်ဆိုင်ပါတယ်။

ကျွန်တော်ဟာ အရှက်နဲခဲ့ပါတယ် ဖေဖေ။

5 comments:

အိုင်လွယ်ပန် December 29, 2009 at 12:51 AM  

မင်းသား သေတဲ့ ဇာတ်ကားတော့ ရိုက်ချင်သဗျ ..
ခက်တာက ကျွန်တော်လည်း
အရှက် နည်းနေ တုန်းရယ် ..:)

MANORHARY December 29, 2009 at 7:05 PM  

ကိုယ်လည်း အရှက်နည်းတဲ့ ဗီလိန်ပဲး((

မယ့်ကိုး January 1, 2010 at 3:35 PM  

ဟုတ်တယ်။ လူမုန်းများတဲ့ ဇာတ်ကောင်။ အရှက်နည်းသူက ကျွန်မပဲ =(

ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
ကဗျာကောင်းလေးတွေ အများကြီးဆက်လက်ရေးနိုင်ပါစေ။

Angel Shaper February 20, 2010 at 1:31 AM  

အရှက်နည်းတဲ့ ဗီလိန်ကြီး မင်းသားကို အလှဲထိုးလိုက်နိုင်ပါစေဗျာာာာ

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP