Pages

အချိန်ကို ဖုန်ခါပြီး အမှတ်တမဲ့

>> Friday, May 29, 2009

အချိန်က အကောင်းဆုံး ဆေးတစ်ခွက်
လူတွေက ဒီလိုပြောကြတယ်
အမှန်တော့
အချိန်က အကောင်းဆုံး ယိုယွင်းပျက်ဆီးခြင်းပဲ
အချိန်က အကောင်းဆုံး သေခြင်းတရားပဲ

အချိန်ဆိုတာ
ငါ့လက်ကြားထဲက လွတ်ထွက်သွားတဲ့ လေပြေလေးလိုပဲ
ဘယ်တော့မှ ဖမ်းမမိခဲ့
ငါတို့ဖြုန်းတီးခဲ့တဲ့ အချိန်တွေ…

ကဗျာမရေးခဲ့တဲ့အချိန်တွေကို နှမြောတယ်
ရယ်မောခွင့်မရှိခဲ့တဲ့အချိန်တွေကို နှမြောတယ်
ရယ်မောအောင်လုပ်မပေးနိုင်ခဲ့တဲ့ အချိန်တွေကို နှမြောတယ်
ချစ်ခြင်းမေတ္တာမရှိခဲ့တဲ့ အချိန်တွေကို နှမြောတယ်

ဒီလိုနဲ့ … ဘ၀ဆိုတဲ့တွင်းနက်ကြီးက အချိန်တွေကို ဆုပ်ယူသွား
အပြည့်ဝဆုံးအချိန်မှာမှ ပေါက်ကွဲပျက်ဆီး အသစ်ပြန်ဖြစ်
ဒီလိုနဲ့ … နာရီတွေ တစ်လုံးပြီးတစ်လုံးပျက်သွားခဲ့

နောက်ဆုံးရထားတွေ တစ်စီးပြီး နောက်တစ်စီး…
အမှောင်တွေမလာခင်
ငါတို့ ခိုးယူထားခဲ့မိတဲ့ အချိန်တွေ ပြန်ဆပ်ဖို့
အသေအချာ လိုအပ်ခဲ့ပြီ။

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP