Pages

အိမ်ပြန်လမ်း

>> Wednesday, June 10, 2009

အိမ်အပြန်လမ်းက အပေါ့ပါးဆုံးငှက်တောင်မွေးလေးလိုပဲ လေထဲဝဲ
ချစ်သူဆီ အတော်ဖြန့်တဲ့လမ်းမှာ ရှိသမျှပန်းတိုင်း အ၀ါရောင်
ကားဘီးတစ်ပတ်လိမ့်တိုင်း ငါ့နှောင်ကြိုးတစ်ပတ်လျှော့
နာရီတစ်စက္ကန့်ခေါက်တိုင်း ငါ့ရင်ဘတ်ပြုတ်ပြုတ်ကျ
“အန္တရာယ်အကွေ့”
“ယဉ်တိမ်းမှောက်မှု မကြာခဏဖြစ်သည်။ ဖြေးဖြေးမောင်းပါ”
သတိပေးဆိုင်းဘုတ်တွေလည်း အ၀ါရောင်လှ
တစ်ကွေ့ပြီးတစ်ကွေ့
တစ်တောင်ပြီးတစ်တောင်
ဒီလောက်ပေါ့ပါးတာ မရှိခဲ့ဘူး
ငါဟာ လွှင့်မျှောလိုက်ပါ
ခရီးလမ်းရဲ့ဟိုဘက်က ချစ်သူဆီ

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP