Pages

ရန်ကုန်

>> Wednesday, July 22, 2009

“အထူး” မဟုတ်ရင် အထူးစုတ်တဲ့ ဘတ်စ်တွေ
သူသေကိုယ်သေ ပြိုင်မောင်းတဲ့ ရန်ကုန်ပေါ့
သစ်ပင်ကျိုးတိုးကျဲတဲနဲ့ ခေါင်းမွေးပြောင်နေပုံက
နွေခေါင်ခေါင်မှာ
အသက်ငင်နေတဲ့ မြွေတစ်ကောင်လို ဖျပ်ဖျပ်လူး

အလန့်တကြား လှုပ်ရှား
ရန်ကုန်သူ ရန်ကုန်သားများရဲ့ ရှေ့တန်းစစ်မျက်နှာပြင်
ဘဏ်မှာ ဆာလာအိတ်နဲ့ ငွေအပ်သူနဲ့၊ လမ်းဆုံတိုင်းမှာ တောင်းစားသူနဲ့
အလုပ်နဲ့လက်နဲ့မပြတ်သူမပြတ်၊ အလုပ်က လက်မှာ မရှိသူမရှိ
သူဌေးလား ခွေးလား ရန်ကုန်
ဖြစ်ပျက်သမျှဟာ ကြုံရာကျပန်း

သူခိုးလက်ခံဆိုင်၊ ဘာမဆိုရတဲ့ မှောင်ခိုဈေးကွက်၊
ကြိုက်ရာယူ ၁၀၀၀၊ တရုတ်စာလုံးအကြီးကြီးနဲ့ အပေါင်ဆိုင်၊
လူတွေကားလမ်းပေါ်တက်လျှောက်ရတဲ့ ပလက်ဖောင်းဈေးသည်တွေ
ကားလမ်းတွေပေါ်မှာ ကားမရပ်ရ ဆိုတော့ ပလက်ဖောင်းပေါ်တက်ရပ်တဲ့ကား၊
လမ်းလျှောက်သူတွေကတော့ တ၀ီးဝီးကားလမ်းမပေါ်ဆင်းလျှောက်ပေးရပြန်တဲ့ရန်ကုန်
ဘယ်နေရာကြည့်ကြည့် mp3, mp4, mobile phone ပြင်သည် ဆိုတာချည်းပဲ မြို့ထဲ

အင်းယျားရာဇ၀င်ကိုလည်း မေ့ခဲ့ကြပြီ
RC2လည်း အလယ်တန်းကျောင်းဖြစ်ခဲ့ပြီ
ရှိသမျှအကုန်ရောင်း အိတ်ဟောင်းလောင်းနဲ့ ရန်ကုန်ပါ
အနာက မကျက်ဘဲ အပေါ်ယံပဲတင်းနေတဲ့ ရန်ကုန်ပါ
မကောင်းမှုကို ဇောင်းပေးခံရတဲ့ ရန်ကုန်ပါ

ဒေါသနဲ့ ဟာသနဲ့
ဂတုံးပေါ် ဂတုံးက ထိပ်ကွက်
လူမမာလို အသံရှုသံမမှန်
ကောင်းကင်ကြိုးတန်းပေါ် လမ်းလျှောက်
ရန်ကုန်ဟာ လေးထောင့်ဆန်တယ်ဆိုတာ သက်သေပြစရာမလိုတော့။ ။

2 comments:

စိတ်၏ဖြေရာ,  August 1, 2009 at 12:15 AM  

ရန်ကုန် ကို ရင်နာစွာဖတ်ရှုသွားပါတယ်

Unknown November 17, 2010 at 1:31 PM  

ရန်ကုန်မရောက်တာကြာ...........လှပြီဆိုတော့ ဒီလိုတွေဖြစ်နေတာကြားရတော့ အရမ်းဝမ်းနည်းစရာ
ကောင်းနေပြီ။ရန်ကုန်မြို့ ကြီးဟာအရင်တုံးကတော့
အာရှတစ်ခွင်မှာအလှဆုံးမြို့ တော်ကြီးပါ၊ခုတော့ဖြင့် မ
သမာသူ ခွေးသူတောင်းစားတွေရဲ့ လက်ချက်ကြောင့်
အစင်းမလှဖြစ်လဲ့ ရပြီပေါ့လေ။ရင်နာလိုက်တာဗျာ။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP