Pages

စိမ်းလန်းခွင့်မရှိတဲ့ သစ်တော

>> Tuesday, July 28, 2009

ဗိုက်ဟောင်းလောင်းလမ်းမတွေက
နေရာတကာ ရှည်လျားလွန်းကြလို့
အမှောင်ချခံထားရတဲ့ ငါတို့မျှော်လင့်ချက်ကလေးတွေကို
ထုပ်ပိုးပေးပို့လိုက်ပါရဲ့ ငါတို့ရဲ့ ရည်ရွယ်ရာလေးတွေရေ…

အချိန်အဆအချိုးအစား မသိတော့
ဘ၀က အရသာ မကောင်းဘူးတဲ့လား
မိုးတွေ အလကား ချုပ်, ချုပ်သွား
နေတွေ အလကား ထွက်, ထွက်လာ
ငါတို့ကတော့ ပျော်လို့ကောင်းနေကြတုန်းလား

ဝေဒနာကိုယ်ထင်ပြမှ
ငါတို့ကိုယ်ငါတို့ လူနာမှန်းရိပ်မိ
ဒီအချိန်ကျမှ ရှိသမျှအကုန်လောင်း
ဘယ်လိုမောင်း, မောင်း ကံကြမ္မာကောင်းကို မမီတော့ဘူး

လက်ရုံးရေ…
ရာသီဥတုကပဲ ဆိုးရွားလွန်းသလား
ငါတို့ကပဲ ပိန်ညှော်လွန်းသလား
ဘယ်ကြည့်ကြည့် သစ်ငုတ်ပင်တွေချည်းပဲ…

4 comments:

ကိုရေတမာ July 28, 2009 at 4:39 PM  

ကျနော်သိလိုက်တာကတော့ အချိန်တွေမကျန်တော့ဘူး ဆိုတာပဲ.. ဒါပေမယ့်

အိုင်လွယ်ပန် July 29, 2009 at 12:06 AM  

မနော်ပြောသွားတာလေးကို
အမှတ်ရမိတယ်ကိုစိုင်း ...
စိုင်းလောင်ပိန်းဆိုတာ
စကားလုံးတွေ ကို ကောင်းကောင်းနိုင်နင်းတဲ့
ကဗျာဆရာတစ်ယောက်ပဲ .....
ချီးယားစ် ကိုစိုင်းရေ ...

မယ့်ကိုး July 29, 2009 at 11:39 AM  

ကဗျာလေး အရမ်းကောင်းသလို မန့် လို့ လဲ ကောင်းသွားပြီ။ :)

လင်းဒီပ July 29, 2009 at 3:12 PM  

ရာသီကြမ်းအောက်မှာ ခေါင်းမာထားရတဲ့ သစ်တောတွေ.....။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP