Pages

နှစ်နှစ်ဆိုတာ ဘာမှ မကြာဘူး

>> Friday, August 21, 2009

နှစ်နှစ်ဆိုတာ ဘာမှ မကြာဘူး
ဒီနေ့ဆိုတာက ကြာတယ်

အများကြီးပြောင်းလဲမသွားဘူး ဒီနေရာမှာပဲ ရပ်နေခဲ့တာ
မေးခွန်းတွေ အဖက်ဖက်က ထိုးနှက်
ဒဏ်ရာပေါ် ဒဏ်ရာဖြတ်
ရိုးသားမှုကို အစမ်းသပ်ခံဖို့ ငါတို့ရဲရင့်ခဲ့ကြတာ

ဒီနေရာမှာပဲ ငါတို့ နှလုံးသွေးတွေ မြုပ်နှံခဲ့တယ်
တူးဖော်ကြည့်ကြ
ဒီနေရာမှာပဲ ငါတို့ ခံစားချက်တွေ လေဟုန်စီးခဲ့
ဒီနေရာမှာပဲ လွတ်လပ်မှုကို ရှာဖွေ မြတ်နိုးခဲ့

အများကြီးမဟုတ်ရင်တောင် အထိုက်အလျှောက်တော့ ပေးဆပ်ခဲ့ချင်တာပါ
ရှားပါးလာတဲ့အချိန်တွေနဲ့ ရင်းပြီးလေ

မနှစ်က လက်ရုံးပြောခဲ့သလိုပဲ
ဒုက္ခတွေ ဘယ်လောက်ပဲထက်မြနေပါစေ
ရင်ခုန်သံတွေ လတ်ဆတ်နေသရွှေ့
ငါတို့စာမျက်နှာတွေ ရှိနေဦးမယ်
အသေအချာပါပဲ။

4 comments:

အိုင်လွယ်ပန် August 21, 2009 at 11:09 AM  

ရင်ခုန်သံတွေ လတ်ဆတ်နေသမျှ
ရင်ခုန်သံတွေ ရှိနေသေးသမျှ ...
ကျွန်တော်တို့ ရေးနေရဦးမယ် ...
ကျွန်တော်တို့ ဆက်ရေးကြရဦးမယ် ကိုစိုင်းရေ .....

MANORHARY August 21, 2009 at 8:23 PM  

နှစ် နှစ်ဆိုတာ ဘာမှမကြာဘူးးးး
ဟုတ်တယ်...........
ဒါတွေနဲ့ပဲ အားတင်းနေခဲ့ရ...

လင်းဒီပ August 23, 2009 at 4:47 PM  

ရင်ခုန်သံတွေ ရှိနေသရွေ့ စာမျက်နှာတွေ ရှိနေ ဘဝတွေဟာ မရပ်တန့်ဘူး..။

Angel Shaper August 29, 2009 at 3:20 PM  

နှစ်နှစ်ဆိုတာ တကယ်ဘာမှ မကြာပါဘူး။
ဒီနေ့ ဆိုတာက ကြာတယ်။
ဟဟားးးး ဟုတ်ပါ့ဗျာ....
ဒီနေ့ ကို မြန်မြန်ပြီးစေချင်မိတာ ကိုယ့် အတ္တလားဗျာ။။။
ဒုက္ခတွေ ဘယ်လောက်ပဲထက်မြနေပါစေ
ရင်ခုန်သံတွေ လတ်ဆတ်နေသရွှေ့
ငါတို့စာမျက်နှာတွေ ရှိနေဦးမယ်
အသေအချာပါပဲ။
ဒီလို အရေးလေးတွေကို လေးစားရပြန်ပါတယ်။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP