ဒုက္ခကိုလွယ်ပြီး အားလုံးအဆင်ပြေပါတယ်ပြောတယ်
>> Wednesday, August 26, 2009
ရှိတဲ့ထမင်းနဲနဲလေးကိုပဲ အများကြီးရှိသလိုအကြာကြီးစားတယ်
ဗိုက်ကလေး မ၀တ၀ကိုပဲ အ၀ကြီးဖြစ်နေသလို ရေသောက်တယ်
ဆရာပြောသမျှ တစ်စွန်းတစ်စကြားပြီး သိသလိုလို ခေါင်းညိမ့်တယ်
တစ်လုံးမှနားမလည်တဲ့စာတွေကို နားလည်သလိုခပ်တည်တည်ကျော်ဖတ်တယ်
ဖြစ်နေပုံများပြောပါတယ်
မိုးရွာနေတာသိရက်နဲ့ ထီးမဆောင်းဘူး
ဖိနပ်ထဲက ခဲလုံး၊ များများနင်းပေးရုံနဲ့ ထွက်မသွားဘူး
မေမေရေ...
ဒီနေ့ကျွန်တော် ကိုယ့်ကိုကိုယ် အမှန်ပြောဖို့ ဘာကြောင့်များခက်နေရပါလိမ့်။
ဒုက္ခကိုမှ အလှဆင်လွယ်ပြီး
အားလုံးအဆင်ပြေပါတယ် ပြောမိတယ်လေ။
