Pages

သူရဲကောင်းရဲ့ အရှုံး

>> Thursday, September 6, 2007

ဘ၀ ဆိုတဲ့ အဝေးပြေးလမ်းမပေါ်မှာ
ပြိုလဲရင်း ရှင်သန်ရင်းနဲ့
ကံကြမ္မာ ကို မသေခင်အထိ
မျက်နှာချင်းဆိုင်နေရမှာပါ။ ။

ငါကျောခိုင်းထွက်ပြေးချင်ဘီ
အနိုင်အရှုံး တွေရှိတဲ့ ပွဲစဉ်တွေကပေါ့

ငါ့ ခြေထောက်အောက်က မြေကြီးနဲ့
ငါ့ ကို ငုံးကြည့်နေတဲ့ ကောင်းကင်ကြီးရယ်
အရှုံးကို ရင်ဆိုင်ရဲ တဲ့ သတ္တိမျိုး
ငါ့ ကို ပေးကမ်းလှည့်ပါ
(ဟင်အင်း).. ငါ့မှာ အဲ့ လို ခွန်အား
တစ်ပိုင်တစ်စ ရှိခဲ့ပါတယ်
အရှုံး ထဲမှာ နစ်မွန်းရင်း ငါ့ မေ့သွားခဲ့တာပါ..

တကယ်တော့လဲ ငါဟာ
ကံကြမ္မာ ကိုစီရင်နိုင်တဲ့
`သူရဲကောင်း` တစ်ယောက်ပါ။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP