Pages

မုဆိုးအက

>> Monday, September 3, 2007

တစ်တောလုံးကြွေမှ ငါက အပင်စပေါက်တယ်
သူက သမင်အက ကပြီး
ငါက မုဆိုး မလုပ်တတ်ဘူး

ဒီလိုနဲ့
ကိုယ့်စိတ္တဇကိုကိုယ် ဆာလောင်စွာ ဖုန်းခဏခဏ ဆက်ရ
ချစ်ခြင်းကို တူးခါးအောင် မကြောင်နဲ့!!

ဒီနေ့လို ငြိမ်သက်မှုမျိုးနဲ့ဆို
မနက်ဖြန်ဟာ မသန်စွမ်းနိုင်ဘူး
လွမ်းဆွတ်ခြင်းက တစ်စက္ကန့်တိုင်း နှစ်ဆတိုး, တိုးလာ
ရင်ဘတ်ထဲက တစ်တောလုံး … ခွေအတွေ အူကြ

တစ်ကမ္ဘာလုံးရွာနေတဲ့ ချစ်ခြင်းတရား ၁၅၀၀
ငါ့ဆီမှာမှ မိုးခေါင်ရေရှား
သမင်အကနဲ့ ညီမလေးရေ
ကိုယ်က အခုမှ မြှားတွေ ချွန်နေတုန်း …။ ။

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP