Pages

လွမ်းတဲ့အကြောင်း IV

>> Monday, September 10, 2007

ညက အေးတိအေးစက်နဲ့
၂း၃၅ နာရီ မနက်
အိတ်တစ်လုံးစာ အပြည့်နဲ့
သယ်ဆောင်လာတဲ့
မိုးစက်တွေ ငါ့မျက်နှာပေါ် ကြဲချတော့မယ်
တိုက်ဆိုင်တဲ့ အကြောင်းအရာ တစ်ချို့နဲ့
သူမရေ...........လွမ်းလိုက်တာကွာ
ငါ့ရင်ဘက်ကြီးတောင်
နောက်ထပ်လွမ်းဖို့ ကျန်ရှိဦးမလားကွာ။ ။

ဒီညက တိတ်ဆိတ်လိုက်တာ
ငါ့ သွေးကြောထဲက
ဗိုင်းရပ်(စ်)တွေရဲ့
ဂီတသံကို ကြားနေရတယ်.....
လေထုထဲမှာ ရေငွေ့ပါဝင်မှုကလဲ
သုညအောက်ရောက်နေလေရဲ့
နေ့တိုင်းဆုတ်ဖြဲလိုက်တဲ့
ပြက္ခဒိန်တိုင်း မှာ သူမ နာမည်ကို
ရေးခြစ်ထားတယ်။ ။
ဒီလိုဘဲ........
အဓိပ္ပါယ်မရှိ သူမကို
လွမ်းနေတာလေ။ ။

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP