Pages

အဖြူရောင် တံတိုင်းများ

>> Thursday, September 6, 2007

သူငယ်ချင်း ဆိုတဲ့ နှောင်ဖွဲ့မှုအောက်မှာ
ချစ်ခြင်းမေတ္တာတွေ ကျူးကျော်ဝင်ရောက်လာတော့မှဘဲ
ရုန်းကန်လှုပ်ရှားရင် နဲ့
ကကြိုးရှုပ်ခဲ့ပြီ....

တိတ်ဆိတ်စွာ ချစ်ခွင့်ရပေမယ့်
တရားဝင်ဖွင့်ပြော ခွင့်မရနိုင်တဲ့ ဘဝ
နာလည်မှုတွေရှိ ပေမယ့်လည်း
တံတိုင်းခြားခံ ရတဲ့ ငါတို့အဖြစ်ပါ

သူငယ်ချင်းလေးရေ
မင်းက ဖြူစင်ချင်ယောင်ဆောင်ခဲ့တာပါ
ငါကတော့....
အယူအဆတွေ ထင်မြင်ချက်တွေနဲ့ဘဲ
ညနက်ခဲ့ပေါင်းများဘီ..

ထမင်းရည် ပူစည်းလောင်မှာစိုးတဲ့
စိုးရိမ်စိတ် တစ်ခုထဲနဲ့
သူမရေ....ငါ့ကို
သံသရာ တစ်လျှောက်လုံး ခွင့်လွှတ်ပေးပါ...

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP