Pages

ပါးစပ်

>> Saturday, September 15, 2007

ဇီးကွက်က ဆင် တစ်ကောင်ကို
သိပ်အမြင်ကျဉ်းတာဘဲလို့ ပြောလိုက်သတဲ့...
သိပ်မိုက်မဲ တာပဲလို့
ပြောတတ်ရုံမျှနဲ့တော့
သင်လူ လိမ္မာ မဖြစ်နိုင်ပါ။ ။

သိပ်ရိုင်းတာပဲလို့
မဲ့ရွဲ့ပြောတတ်သူ သင်
လူ့ယဉ်ကျေး ဆိုတာ သေချာပြီလား။ ။

ချောင်းငယ်မြောင်းငယ်ကို
သိပ်တိမ်တာပဲလို့
ပင်လယ်က မပြောဘူး
ကိုလံဘတ်၊ နယူတန်
ဘာတရန်ရပ်ဆဲလ်
သူတို့ ဟန်ရေးပြတတ်လို့။ ။

ဒီမယ်...... ကျောပြင် ခုံးခုံးနဲ့
တွင်းအောင်းနေတဲ့ အကောင်က
သင်ငှက်လို့ ပြောတိုင်း မယုံဘူး....
ကြက် (သို့မဟုတ်) ၀က်တစ်ကောင်ကလည်း
သူ့ကိုယ်သူ ငှက်လို့
ပြော်နိုင်တာပဲ မဟုတ်လား။ ။

´ဖွတ်နုတ်` မထည့်တာကလွဲရင်
ဈေးထောင့်က အလမ္ပါယ်ဆရာလည်း
ခမ်းနားအောင်ပြောတတ်တာပဲ။ ။
ကမ္ဘာလောကဆိုတာ
ပါးစပ်ကြီးတွေနဲ့ တည်ဆောက်ထားခဲ့တာမှမဟုတ်ဘူး။ ။

အမည်မသိ

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP