Pages

အမှတ်မရှိသော နေ့ရက်များ

>> Thursday, September 6, 2007

ရုပ်ရှင်ဇာတ်လမ်းတွဲ တစ်ပုဒ်လိုတောင်
သူမ ကို စွဲလမ်းစိတ်မရှိတာ
ငါ မလွန်ခဲ့ပါဘူး................

သီချင်းစာသားတွေလိုလဲ
သူမ အကြောင်းတွေကို အလွတ်မရခဲ့တာ
ငါ့ အပြစ်မဟုတ်ဘူးလေ.................

ကျောင်းစာတွေက ငြီးငွေ့လွယ်တယ်
သူမ ကိုလဲ အချိန်ကြာလာတော့
ငြီးငွေ့မိတာပေါ့ကွာ.........

ငါကစိတ်ပျက်လွယ်တယ်
သေချာ မစီစဉ်ဘဲနဲ့
စစ်ခင်းခဲ့တာကတော့
ငါ့အမှားပေါ့ကွာ............

ငါ့ဘက်က သေချာမှတော့
ဒီ ကစားကွင်းထဲမှာ
ငါဘယ်တော့မှ စီးချင်းထိုးတော့မှာမဟုတ်ဘူး

တကယ်တော့လဲ
ဒီကျိန်စာဆိုးကြီးထဲက ငါရုန်းထွက်ချင်ပြီ
ဘယ်လိုစုန်းမ ကများ
ငါ့ကို ဒဏ်ခတ် သွားခဲ့တာလဲကွာ.........

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP