Pages

သတိရခြင်း အကြောင်းများ

>> Monday, September 10, 2007

အမှားဆိုတာ ရှိနေသရွေ့တော့
ခဲဖျက်တွေက အသုံးဝင်နေမှာပါ
အရင်ကလို လွမ်းစရာမရှိတော့လို့လဲ
ညတွေဘယ်လောက်လှနေဦးတော့
ငါ့ အိပ်မက် ကို မကြီးစိုးနိုင်ဘူး

နေ့စဉ် ရှူသွင်းလိုက်တဲ့ လေထုထဲမှာ
ရေငွေ ဘယ်လောက်ပါ လဲဆိုတာ
ဘယ်သူမှ တွက်ချက်ထားမှာ မဟုတ်ဘူးလေ
နှလုံးသားရဲ့ ဒဏ်ရာတိုင်းအတွက်တော့
လူတိုင်းမှာ အရေအတွက် ကိုယ်စီနဲ့......

မိုးခေါင်မှ မဟုတ်ပါဘူး
နွေခေါင်ခေါင်မှာလဲ
ပန်းတွေ ပွင့်ကြတာဘဲ
တန်ဖိုးထားတတ်ပုံချင်း မတူတာကလွဲရင်
ချစ်ခြင်းမေတ္တာ ကတော့ ပုံဆောင်ခဲတစ်မျိုးထဲဘဲ

လမ်းခွဲသွားသူမှာလဲ မျက်ရည်နဲ့ ဆိုပေမယ့်
ကျန်ရစ် ခဲ့သူကလဲ ငိုကြွေးနေတာဘဲလေ
အိပ်ရာဝင်ခါနီးတိုင်း ရေးခဲ့တဲ့
Diary စာမျက်နှာတိုင်းမှာ
တစ်ဝက်က သူမကို ချစ်တယ်
အလွမ်းတွေလဲ တစ်စိတ်တစ်ပိုင်း
ကပြကြတယ်လေ.......
ဘာအတွက် နဲ့ မှတော့ သူမ ကို
လွမ်းဆွတ်မှု အတွက် ကြားခံနာမ်စား မလိုပါ။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP