Pages

တောင်းဆု

>> Wednesday, September 19, 2007

ချစ်ခြင်းရဲ့ ဆောင်ကြည်းမှုကြောင့်
ပွင့်ဖူးစ နံနက်ခင်းတစ်ခုမှာ
သူ့ဆီ ကျွန်တော်ရောက်ခဲ့ပါတယ်
သူဟာ မိုးဦးရဲ့ အေးချမ်းမှုမျိုးနဲ့ ရိုးရိုးသားသားလှရဲ့ …

မြေသင်းနံ့မှာ လက်ကျန်ပိတောက်တွေ ဝေတယ်
ကျွန်တော်လည်း ထိုနည်း၎င်းပဲ
သူ့ကိုယ်သင်းနံ့လေးမှာ စွဲလမ်းမှုတွေ တဖွားဖွား ပွင့်လို့
လေပြင်းတစ်ချက်မှာတော့ လက်ကျန်ပိတောက်တွေ ကြွေတယ်လေ
ကျွန်တော်လည်း ထိုနည်း၎င်းပဲ
သူ့သက်ပြင်းတစ်ချက်မှာ (သူ့အလိုမကျမှုတွေအတွက်)
ကျွန်တော်ရဲ့ စိုးရိမ်စိတ်ကလေးတွေ ကြွေ … ကြွေပေါ့

သူ နင်းလျှောက်ချင်တယ်ဆိုရင်
ကျွန်တော့်နှလုံးသားနဲ့ ပိတောက်ကြွေလမ်းတစ်ခု ဖန်တီးပေးချင်ပါတယ်
သူပြုံရယ်ချင်တယ်ဆိုရင်
ကျွန်တော့်နှလုံးသားနဲ့ လောကဓံဟာသတွေကို တင်ဆက်ပေးချင်ပါတယ်
သူလင်းချင်တယ်ဆိုရင် ကျွန်တော်က လင်းပြီး
သူဖြစ်ချင်တယ်ဆိုရင် ကျွန်တော်က ဖြစ်ပြီးသားပါ
(သူ့လက်ညိုးညွန်ရာမှာ ကျွန်တော် ဖြစ်ချင်ခဲ့)

ကျွန်တော့်ဘ၀လက်ကျန်အချိန်တွေရဲ့ ပျော်ရွှင်မှုတွေ အားလုံးဟာ သူပဲဖြစ်ပါတယ်
သူ့ရဲ့ ရယ်ရွှင်ခြင်းမှာ ကျွန်တော် အသက်ရှည်မယ်
သူ့လျှာဖျားက အမုန်းအဆိပ်တွေကိုတော့ ကျွန်တော် ရဲဝင့်စွာ ကြောက်ရွံ့နေပါ့မယ်

ဆုတောင်ပါရဲ့
ကျွန်တော့်ရဲ့ ချစ်ခြင်းနဲ့
သူ … လှပစွာ ပွင့်လန်းနေပါစေ
ကျွန်တော်ရဲ့ ချစ်ခြင်းနဲ့
သူ … ကျွန်တော်နဲ့အတူ ဘ၀ဆုံးထိ အတူရှိနေပါစေလို့ …။ ။

l0gtic

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP