Pages

တ၀က်တပျက် ည

>> Wednesday, September 19, 2007

အဲဒီညမှာပေါ့ … အလွမ်းကို နှစ်ခါပြန်သောက်
ချစ်ခြင်းရဲ့ ရှေ့မှောက်မှာ ငါ ဂျစ်ကန်ကန် ရပ်နေမိတယ်

အဲဒီညမှာပေါ့ … ငါ့ရဲ့ စိတ္တဇဟာ သတိရခြင်းနဲ့လောင်ကျွမ်း
ကယ်သူမဲ့ခဲ့ပါတယ် … ချစ်သူရယ်

အဲဒီညမှာပေါ့ … အဓိပ္ပာယ်ကင်းမဲ့တဲ့ စကားလုံးတွေနဲ့ ငါကိုယ်ငါ တည်ဆောက်
ငါ့ဦးနှောက်ဗလာနယ်တွေမှာ မင်းပုံရိပ်နဲ့ ပြည့်ဝလို့

အဲဒီညမှာပေါ့ … အချစ်နတ်သမီးရဲ့ လက်ကမ်းကြိုမှုကို မျှော်လင့်
ငါ့ညတွေလည်း မင်းစိတ်နဲ့ မိုးသောက်ခဲ့ရပါတယ် ချစ်သူရယ်

အဲဒီညမှာပေါ့ … လွမ်းတဲ့အကြောင်းကို စာဖွဲ့ဖို့ကြိုးစား
ငါလက်တွေ … အလွမ်းနဲ့ ထုံအခဲ့ရပါပြီ

အဲဒီညမှာပေါ့ … ည မပီသတဲ့ ည ကို
ငါ စိတ်ရှိလက်ရှိ လသာနေမိလိုက်တယ် … အလွမ်းနဲ့ ……

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP