Pages

ချစ်သူ

>> Sunday, September 9, 2007

အခုဆိုရင်
ရာသီဥတုတစ်ခုစာမက ငါတို့ ဖြတ်သန်းကြရတော့မယ်
ဖျားနာခြင်းကင်းတဲ့ အချစ်မှာ ဖျားနာဖို့
ဘ၀ကို သက်တံဖျော်ရည်တိုက်ဖို့
ငါတို့အတွက် မလိုအပ်ဘူး
ဒါပေမယ့်
ချစ်ခြင်းတရားရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတော်မှာ
ငါတို့ ညွှတ်နူးကြရဲ့
ငါတို့ရဲ့ ယုံကြည်မှုတွေဟာ ငွေ့ရေဖွဲ့ထားတဲ့ တိမ်တစ်အုပ်လည်း မဟုတ်ပေဘူး

ရူးသွပ်မှုဆိုတာ ငါတို့နှစ်ယောက်ကြားမှာတော့ ရယ်စရာသက်သက်
အနာဂတ်ကို ခက်ခက်ခဲခဲမတွေးခေါ်ဘဲ
မင်းလျှောက်ချင်တဲ့ခရီးကို ငါ့ခြေထောက်နဲ့ လျှောက်ပြီး
ငါကြည့်ချင်တဲ့ အလှအပတရားကို မင်းနှလုံးသားနဲ့ကြည့်ကြဖို့
ငါတို့ မျှော်လင့်
ရှေ့တစ်လျှောက်
ငါတို့ စမ်းချောင်းလေးလို စီးဆင်ကြစို့ …။ ။

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP