Pages

လမ်း

>> Thursday, September 6, 2007

သူငယ်ချင်းရေ
သားရဲပေါတဲ့ ဒီလမ်းမှာ
မိုးခါးရေ မသောက်ကြေးဆိုရင် ရိုးသားမှုကိုသာ ကိုးကွယ်ကြစို့ရဲ့
ဒီလို ငါတို့ရဲ့ သွေးတွေနဲ့ ပေးဆပ်ရလိမ့်ဦးမယ်

အခုတော့
နောက်ကျနေတဲ့ ကံတရားက နစ်မွန်းသူများစွာရဲ့ ဆွဲအားနဲ့လေးလံလို့
ရက်စက်ကြမ်းကြုတ်မှုတစ်ဝက်တစ်ပျက်နဲ့လမ်းဟာ ဓားပြဆန်ဆန်ပြုံးလေရဲ့ …

ထားခဲ့ကြ …
ငါတို့ကို မြေမြုပ်သင်္ဂြိုဟ်နေတဲ့ ¬¬¬¬အကြောက်တရားတွေကို ဖွက်ထားခဲ့ကြ
ယုံကြည်မှုမှာ ခိုင်မာရင် ငါတို့လျှောက်မယ့်လမ်းဟာ အောင်ပွဲပါပဲ

ရှေ့ဆက်လျှောက်ရမယ့် ခြေလှမ်း သန်းပေါင်းများစွာမှာ
သူငယ်ချင်းရေ…
ရဲရင့်လိုက်ကြစို့ကွာ …

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP