Pages

ကဗျာ အပိုင်းအစ များ

>> Monday, September 3, 2007

ဒီခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ ကဗျာ တွေ ထဲက စာသားတစ်ချို့ တင်ထားတယ်ဗျ
စာမြည်း သဘောပေါ့ဗျာ..ဘာရယ်မှ မဟုတ်ပါဘူး စိတ်ကူးလေးရလို့
ဝေဖန်ကြပါဦး..

လက်ရုံး


သူမ ရေ
မင်းကိုငါလွမ်းခဲ့ရင်
ကြယ်တွေကြွေတာကို ထိုင်ရေနေမယ်
လက်ရုံး(ပုစ္ဆာ)


ဘယ်သူမှ နားလည်မှာမဟုတ်တဲ့ ငါတို့ရဲ့ နားလည်ခြင်းများ
ဘယ်သူမှ ယုံကြည်မှာမဟုတ်တဲ့ ငါတို့ရဲ့ ယုံကြည်ခြင်းများ
ငါတို့နှစ်ယောက်ကြားမှာ အသားစလေးတောင် မခြားဘူး
l0gtic(နှလုံးသားယဉ်ကျေးမှု)


တြဂံ မှာထောင့် ၃ ထောင့်ရှိကြောင်း
သက်သေပြ ဖို့မလိုပါဘူး
ငါအသက်ရှူလိုက်တိုင်း
သူမ ကို သတိရနေတယ်ဆိုတာကိုလဲ
လက်ရုံး(သုည မဲ့ မျှော်လင့်ခြင်း)


လောကဓံရဲ့ သွေးကြောထဲ
ငါတို့ လက်တွဲထားရင်
ဘယ်လှိုင်းမှ ငါမမှုဘူး
ချစ်ခြင်းကို ယုံကြည်သောအားဖြင့်
l0gtic(ချစ်သူသို့ …)


ပြောတိုင်းလည်း ခေါင်းငြိမ့်နာခံတတ်ပေမယ့်
အရှေ့ အရပ်ကိုသွားဖို့ခေါတော့
သူမရဲ့ ဘ၀က ငှက်တစ်ကောင်လောက်
မလွတ်လပ်ပြန်ဘူးလေ..
လက်ရုံး(အသံမဲ့ ဆုတောင်း)

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP