Pages

တိုးတိုးလေးချစ်

>> Friday, September 7, 2007

မင်းဟာ
ငါ လက်မခံနိုင်တဲ့ အမှန်တရား
ပလက်ထိုးထားတဲ့ မီးပူ
မီးပျက်နေတဲ့ ချောက်ကမ်းပါး

ခံစားချက်က
စကားမပြောနိုင်တဲ့ ပါးစပ်နဲ့
ဖွဲ့နွဲ့

ဒီလိုပဲ
အလွမ်းဂျင်းဘောင်းဘီကို ၀တ်
တိမ်ရိုင်းတွေကို စီးနေလိုက်တော့တယ်

မင်းလက်တွေက
ငါ့နှလုံးသား သက်တံအစစ်ကို စက္ကူပေါ်မှာ ရေးဆွဲ
လေယဉ်လုပ်ပြီး ဆော့တယ်
နှုတ်ခမ်းတွေက
ကြောက်မက်ဖွယ် ဘီလူးတစ်သိန်းရဲ့ အပြုံးနဲ့
ပြာလဲ့

ရင်ခုန်သံ ကြိမ်နှုန်း - တစ်မိနစ် 3500

ငါက
သိပ်
ချစ်
ခဲ့

l0gtic

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP