Pages

ငါတို့က ချစ်ခြင်းမေတ္တာအကြောင်း တစ်ယောက်ကို တစ်ယောက် လုမပြောကြဘူး

>> Wednesday, September 12, 2007

ကီးကျယ်ခမ်းနားတဲ့ စကားလုံးတွေ မပါဘဲ
ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတယ်

ချစ်သူရေ
ချစ်ခြင်းမေတ္တာဟာ
ကဆုန်စိုင်းနေတဲ့ မြင်းပျိုတစ်ကောင်ပေါ့
ငါတို့ စီးနှင်းလိုက်ပါခဲ့ကြတဲ့
လတွေ…
ရက်တွေ…
နာရီ…မိနစ်တွေ…

တစ်ယောက်ရဲ့ ချစ်ခြင်းကို တစ်ယောက်က အားကျ
ဘ၀က အချစ်နဲ့မှ လှမယ် ..ဒီလိုယူဆခဲ့ကြ
အလွမ်းတွေကို မနက်ခင်းကော်ဖီခါးခါးထဲမှာ ရောသောက်ခဲ့ကြ
တစ်ယောက်ကို တစ်ယောက် ချိုမြခဲ့ကြ

ရင်ခုန်သံတွေကို တလှည့်စီနားထောင်
ငါတို့ လုမပြောကြဘူး

ယုံကြည်မှုနဲ့
မြဲမြဲကိုင်ထားတဲ့ ငါတို့ရဲ့ လက်တွေ
ကျောက်ဖြစ်ပလေ့စေ …။ ။

l0gtic

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP