Pages

ကွန်ရက်

>> Sunday, September 9, 2007

ငါက တိမ်တွေလို လွှင့်မျောလိုက်ချင်တယ်
မင်းကတော့ ကောင်းကင်လုပ်ပေါ့ …

တစ်ခါတစ်ခါ
ငါက လွှင့်ချင်တိုင်း လွှင့်တတ်တယ် ကလေးရဲ့
ဒါပေမယ့် သေချာပါတယ်
နောက်ဆုံးတော့ မင်းရင်ခွင်အောက်ပဲ … ပြန်ရောက်ခဲ့ ။

တကယ်တော့ အချစ်ဆိုတာ
တစ်ယောက် အသက်ကို တစ်ယောက်က ကူရှုပေးတာပဲတဲ့

ဒီလို ချစ်ခြင်းတရား ရိုးရိုးလေးတစ်ခုမှာ
ငါတို့ နားလည်မှုတွေ ရှုပ်ထွေးမနေဖို့ပဲ လိုအပ်တယ်
ဖြစ်နိုင်ရင် ငါတို့ လျှောက်ရဦးမယ့် လမ်းတွေ အတွက်
ငါ့ လက်ကို မြဲမြဲကိုင်ထား
ကလေးရေ …။

l0gtic

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP