Pages

စိတ်လေစိတ်လွင့်ရဲ့ နေ့ရက်များ

>> Tuesday, September 11, 2007

စုတ်ပြတ်ပေရေနေတဲ့ အညစ်အကြေးများစွာနဲ့
ဘ၀ရဲ့ အဓိပ္ပာယ်မရှိမှုကို ခါးသက်စွာ လှောင်ပြောင်
ငါရဲ့စိတ်တွေ မှောင်တတ်ခဲ့ပြီ…

ဟေး …
ငါချစ်ခဲ့တဲ့ အညစ်အကြေးတို့ရေ …

လွဲမှားမှုနဲ့ ကံကြမ္မာ
အမှားများစွာနဲ့ လူ
လေပြေလေးတိုက်ရင်တောင် ပြိုလဲတော့မယ့်စိတ်
ငါ့အဖြစ်ကို ငါကိုယ်တိုင်တောင် ရယ်ချင်မိပါတယ်
(စောက်ရူးလို့ တိုးတိုးလေး ကျိန်ဆဲရင်းပေါ့)

“ဘယ်လိုလဲ”
ငါကိုငါ အကြိမ်ကြိမ်အခါခါမေး
ငါကိုငါ အကြိမ်ကြိမ်အခါခါသတိပေး
ငါကိုငါ အကြိမ်ကြိမ်အခါခါ တောင်းပန်
ငါကိုငါ အကြိမ်ကြိမ်အခါခါ ဆုံးဖြတ်လို့
လက်တွေ့နဲ့ ကင်းလွတ်နေတဲ့ စိတ်ကို ဒီအတိုင်းလေးပဲ ထားလိုက်တော့တယ်
(အဲဒီအတွက် ငါဟာ ငါအဖြစ်က တစ်ပြားသားမှ မလျော့ကျခဲ့ပါဘူး)

ဟေး …
ငါချစ်ခဲ့တဲ့ အညစ်အကြေးတို့ရေ … လာဟေ့ …
ငါတို့ရဲ့ လူကြိုက်မများတဲ့ အမှိုက်သရိုက်တွေနဲ့
ကမ္ဘာမြေကြီးကို
အတတ်နိုင်ဆုံး ညစ်ပေအောင် ကြိုးစားလိုက်ကြစို့ရဲ့ …။

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP